မြန်မာစာပေဆိုင်ရာ




စကားစုံတွဲ များ
စကားမွှေ စကားနှောက်၊ စကားလှောက် စကားထာ၊ စကားသွား စကားလာ၊ စကားညှာ စကားနှိပ်၊ စကားမိတ် စကားလှယ်၊ စကားဖယ် စကားသွေး၊ စကားလေး စကားပေါ့၊ စကားလျော့ စကားတင်း၊ စကားသွင်း စကားမြူး၊ စကားချူ စကားခေါ်၊ စကားချော် စကားယှက်၊ စကားဝှက် စကားဖန်၊ စကားတန် စကားနှိပ်၊ စကားရိပ် စကားဖမ်း၊ စကားဆန်း စကားမွေး၊ စကားထွေး စကားလှိုင်း၊ စကားဝိုင်း စကားသာ၊ စကားနာ စကားငေး၊ စကားမေး စကားလျှောက်၊ စကားနောက် စကားသင်၊ စကားတင် စကားတည်၊ စကားရှည် စကားတို၊ စကားဖို စကားမ၊ စကားလှ စကားပင်၊ စကားနှင် စကားဆုံး၊ စကားရှုံး စကားနိုင်၊ စကားပိုင် စကားဖြေ၊ စကားနေ စကားပွ၊ စကားကြွ၊ စကားတတ်၊ စကားနှပ် စကားသိပ်၊ စကားချိပ် စကားသွမ်း၊ စကားချမ်း စကားမှတ်၊ စကားထပ် စကားလော၊ စကားပြော စကားသွေ၊ စကားသေ စကားရှင်၊ စကားရွှင် စကားအုပ်၊ စကားချုပ် စကားမြောက်၊ စကားချောက် စကားဟိန်း၊ စကားချိန်း စကားနေ။

စကားဖို စကားမ များ
(က)
ကက ခုန်ခုန်၊ ကယု ကယင်၊ ကသုတ် ကသက် (ကသုတ် ကရက်)၊ ကတိုက် ကရိုက်၊ ကလေ က၀၊ ကလေး ကလား၊ ကလီ ကမာ၊ ကလန် ကဆန်၊ ကသိ ကအောက်၊ ကရော် ကမယ် (ကရော် ကမည်)၊ ကဒေါ ကမျော (ကသော ကမျော)၊ ကနွဲ့ ကရ (ကနွဲ့ ကလျ)၊ ကလေ ကချေ။
* မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းနဲ့ မတူတဲ့စကားလုံးတွေကို ကွင်းစ ကွင်းပိတ်နဲ့ ဖော်ပြထားပါတယ်။ *

(ခ)
ခခ ယယ၊ ခနိုး ခနဲ့၊ ခခ ယမ်းယမ်း၊ ခုန်ခုန် မင်မင်၊ ချေချေ ငံငံ၊ ချွဲချွဲ ပြစ်ပြစ်၊ ချစ်ချစ် ခင်ခင်၊ ခိုင်ခိုင် ခံ့ခံ့၊ ချိုချို ချဉ်ချဉ်၊ ခိုးလိုး ခုလု၊ ခူးခူး ခပ်ခပ်၊ ခြိုးခြိုး ခြံခြံ။

(ဂ)
ဂွတီး ဂွတ၊ ဂယောက် ဂယက် (ကယောက် ကယက်)၊ ဂုဏ်တု ဂုဏ်ပြိုင်၊ ဂမန်း ဂတန်း (ကမန်း ကတန်း)၊ ဂမူး ရှူးတိုး (ကမူး ရှူးတိုး)၊ ဂလယ် စကား၊ ဂလံ ဂလား (ကလန် ကလား)၊ ဂဃ နဏ၊

(ဃ)
---

(င)
ငါးပိ ငါးပက်၊ ငေါက်ငေါက် ငန်းငန်း၊ ငေါ်တော် ငေါက်တောက်၊ ငိုးတိုး ငုတ်တုတ်၊ ငေးတိ ငေးတေး၊ ငိုင်တိ ငိုင်တိုင်။

(စ)
စကော စက၊ စကားကြီး စကားကျယ်၊ စကားဖို စကားမ၊ စကား စမြည်၊ စနောင့် စနင်း၊ စရံ စက၊ စလုံး စခု၊ စာစီ စာကုံး၊ စိစိ စပ်စပ်၊ စိစိ ပေါက်ပေါက်၊ စုတ်စုတ် နုပ်နုပ်၊ စုတ်စုတ် ပဲ့ပဲ့၊ စူစူ စောင့်စောင့်၊ စောစော စီးစီး၊ စည်စည် ကားကား၊ စွန့်စွန့် စားစား၊ စပ်မိ စပ်ရာ၊ စိတ်နေ စိတ်ထား၊ စိတ်ကူး စိတ်သန်း၊ စိုစို စွတ်စွတ်။

(ဆ)
ဆာဆာ လောင်လောင်၊ ဆီဆီ လျော်လျော်၊ ဆူဆူ ဆောင့်ဆောင့်၊ ဆူဆူ ညံညံ၊ ဆဲဆဲ ဆိုဆို၊ ဆန်ကွဲ ဆန်ညှာ၊ ဆင်ခြေ ဆင်လက်။

(ဇ)
ဇဝေ ဇ၀ါ၊ ဇနောင့် ဇနင်း (စနောင့် စနင်း) ၊ ဇိုးဇိုး ဇတ်ဇတ်။

(စ်)
ဈေးသူ ဈေးသား၊ ဈေးသွား ဈေးလာ၊ ဈေးဝယ် ဈေးဆစ်၊ ဈေးရောင်း ဈေးဝယ်။

(ည)
ညိုးညိုး ညံညံ၊ ညည်းညည်း ညူညူ၊ ညီညီ ညာညာ၊ ညာတာ ပါတေး၊ ညက်ညက်ညောညော၊ ညစ်ညစ် ညမ်းညမ်း၊ ညှပ်ပူး ညှပ်ပိတ်၊ ညီညီညွတ်ညွတ်၊ ညစ်ညစ် ပတ်ပတ်။

(တ)
တခါတရံ၊ တခါတလေ၊ တခမ်းတနား၊ တစေ့တစောင်း၊ တဆိတ်တအိတ်၊ တပင်တပန်း၊ တပွဲတလမ်း၊ တပြေတရွာ (တပြည်တရွာ)၊ တပိုတပါး၊ တလုပ်တဆုပ်၊ တသားတသွေး၊ တအံ့တသြ၊ တီတီတာတာ၊ တော်တော်တန်တန်၊ တင့်တင့်တယ်တယ်၊ တွတ်တီးတွတ်တာ၊ တောက်တီးတောက်တဲ့၊ တိုက်ကြီးတာကြီး၊ တောင့်တောင့်တင်းတင်း၊ တို့ကဆိတ် တို့ကနန်း၊ တိုးတိုးတိတ်တိတ်။

(ထ)
ထိထိရောက်ရောက်၊ ထိထိမိမိ၊ ထူထူထဲထဲ၊ ထူးထူးထွေထွေ၊ ထွေထွေထူးထူး။

(ဒ)
ဒေါက်ဒေါက်ဒက်ဒက်၊ ဒေါင်ဒေါင်ဒင်ဒင်၊ ဒိုးဒိုးဒေါင်ဒေါင်။

(န)
နမော်နမဲ့၊ နမိနမြော၊ နတီးနတ၊ နမော်မိနမာမဲ့၊ နားစွန်နားဖျား၊ နားနား နေနေ၊ နားပူနားဆာ၊ နိုးနိုးနားနား၊ နူးနူးနပ်နပ်၊ နွဲ့နွဲ့နောင်းနောင်း၊ နမေ နမော၊ နည်းနာနယ၊ နစ်နစ်နာနာ၊ နောက်ဖေးနောက်ဖီ၊ နိုင်နိုင်နင်းနင်း၊ နောင်လာနောက်သား၊ နုံတိနုံနဲ့။

(ပ)
ပလူးပလဲ၊ ပလုပ်ပလောင်း၊ ပါချီပါချဲ့၊ ပိပိပြားပြား၊ ပီးပီးပျောက်ပျောက် (ပြီးပြီးပျောက်ပျောက်)၊ ပူစပ်ပူလောင်၊ ပူဇော်ပသ၊ ပေါ့တီးပေါ့တော့၊ ပေါ့ပေါ့ပါးပါး၊ ပေတိပေကပ်၊ ပိန်ပိန်ပါးပါး၊ ပိုင်စိုးပိုင်နင်း၊ ပုံတိုပတ်စ၊ ပြာတိပြာတာ၊ ပြာရီးပြာရာ၊ ပြူးတူးပြဲတဲ၊ ပြူးတူးပြောင်တောင်၊ ပြေပြေပြစ်ပြစ်၊ ပြောမိပြောရာ၊ ပြော့ပြော့ပြောင်းပြောင်း၊ ပျော်ပျော်ပါးပါး။

(ဖ)
ဖရိုဖရဲ၊ ဖူးဖူးမျှော်မျှော် (ဖူးဖူးမြော်မြော်)၊ ဖေးဖေးမမ၊ ဖုံးဖုံးဖိဖိ၊ ဖောက်လွဲ ဖောက်ပြန်။

(ဗ)
ဗလီဗဇာ၊ ဗလိဗဇာတ်၊ ဗေဗေဗုံဗုံ။

(ဘ)
ဘုစုခရု၊ ဘိုးဘေးဘီဘင်၊ ဘရမ်းဘတာ (ပရမ်းပတာ)၊ ဘရောက်ဘယက်၊ ဘာသာဘာဝ။

(မ)
မကွေမကွာ၊ မခိုင်မခံ့၊ မညီမညွတ်၊ မတွေးမတော၊ မတောင့်မတင်း၊ မတောင့်မတ၊ မတော်မတရား၊ မနေမနား၊ မနွမ်းမနယ်၊ မပင်မပန်း၊ မပြုမပြင်၊ မရှိမရှား၊ မရေမရာ၊ မသိမသာ၊ မလှုပ်မရှက်၊ မော့တီးမော့တော့၊ မူးမူးမောက်မောက်၊ မက်မက်မောမော၊ မှေးမှေးမှိန်မှိန်၊ မိုမိုမောက်မောက်၊ မောင်းမမိဿံ၊ မှောက်မှောက်မှားမှား၊ မှုံတိမှုံမွှား၊ မြို့စွန်မြို့နား၊ မြို့သူမြို့သား။

(ယ)
ယုယုယယ၊ ယီးတီးယောင်တောင်၊ ယုတ္တိယုတ္တာ၊ ယိုင်တီးယိုင်တိုင်။

(ရ)
ရသေ့ရဟန်း၊ ရီးတီးရားတား၊ ရက်ရက်ရောရော၊ ရောင်တီးရောင်တ၊ ရပ်ဆွေရပ်မျိုး၊ ရပ်မိရပ်ဖ၊ ရိုးတိုးရွတ၊ ရိုးတိုးရိတ်တိတ်၊ ရှူးရှူးရှဲရှဲ၊ ရှောရှောရှူရှူ၊ ရွာစွန်ရွာဖျား၊ ရှက်ကိုးရှက်ကန်း၊ ရွှတ်တီးရွှတ်တ၊ ရှပ်တီးရှပ်ပြာ။

(လ)
လူကြီးလူကောင်း၊ လူပေါ်လူဇော်၊ လူစုလူဝေး၊ လူလူးလှိမ့်လှိမ့်၊ လေးဘက်လေးတန်၊ လက်သီးလက်မောင်း၊ လက်ရေးလက်သား၊ လှိုက်လှိုက်လှဲလှဲ၊ လှန်လိုက်လှောလိုက်၊ လောက်လောက်လားလား၊ လိမ့်လိမ့်လဲလဲ။

(၀)
ဝါ၀ါဝင်းဝင်း၊ ၀ိုးဝိုးဝါ၀ါ၊ ဝေလီဝေလင်း၊ ဝေ့တီးဝေ့လယ်၊ ၀င့်ဝင့်ဝါ၀ါ၊ ၀ိုးတိုးဝါးတား။

(သ)
သိသိသာသာ၊ သူကြီးသူမ၊ သူခိုးသူဝှက်၊ သူပုန်သူကန်၊ သေးသေးသိန်သိန်၊ သေးသေးသွယ်သွယ်၊ သံဖိုသံမ၊ သွေးရိုးသားရိုး၊ သွေးတူသားတူ၊ သွေးချင်းသားချင်း၊ သိပ်သိပ်သဲသဲ၊ သိပ်သိပ်သည်းသည်း၊ သုတ်သီးသုတ်ပြာ၊ သိုသိုသိပ်သိပ်။

(ဟ)
ဟာလာဟင်းလင်း၊ ဟေးလား ဟားလား၊ ဟေးဟေးဟားဟား။

(အ)
အကွက်အကွင်း၊ အကျင့်အကြံ၊ အခိုက်အခါ၊ အချိန်းအချက်၊ အချိုအချဉ်၊ အချိုးအချပ်၊ အစားအစာ၊ အတီး အတ၊ အတိုင်းအထွာ၊ အပူအပင်၊ အပြုအပြင်၊ အလယ်အလတ်၊ အဟုတ်အဟတ်၊ အူသေးအူမွှား၊ အေးတိအေးတေး၊ အိုးတိုး အောင့်တောင့်၊ အိမ်ကြို အိမ်ကြား။
***





စကားတန်ဆာ ဂုဏ် ဆယ်ပါး  
ဂုဏ် ဆယ်ပါးအ ကြောင်းကို မြန်မာစာ လေ့လာသူများ သိကြပါတယ်။ဂုဏ်တွေ
က စာအ ရေးအသားကို လေ့လာဝေဖန်ရာမှာ အများဆုံး သုံးကြပါတယ်။ စကားအသုံးအနှုန်းတွေကို ပြေပြေပြစ်ပြစ်ဖြစ်အောင် တန်ဆာဆင် တဲ့ အဆင် တန်ဆာတွေပါ။တန်ဆာဆင်ပြီးရေးတဲ့ နည်းတွေပါ။
ပါဠိလို 'သဒ္ဒါလင်္ကာရ'လို့ခေါ်ပြီး မြန်မာလို'စကားတန်ဆာ'လို့ခေါ်ပါတယ်။ စကားကို တန်ဆာ ဆင် လို့ စကားတန်ဆာ လို့ ခေါ်ပါတယ်။
ဂုဏ်ဆယ်ပါးမှာ -

၁။ပသာဒဂုဏ်
*စကားအဆက်အစပ် ရှင်းလင်းပြီး အဓိပ္ပါယ်သိလွယ်စေတာ။

၂။သြဇဂုဏ်
*စကားကိုအနှစ်သာရရှိအောင် အကျဉ်းချုံးပြီး ရေးတာ,အကျယ်ချဲ့ ပြီးရေးတာ။

၃။မဓုရတာဂုဏ်
*အသံတူတဲ့ အက္ခရာချည်း နီးနီးကပ်ကပ်ထားပြီး အသံချိုသာအောင် ရေးတာ။

၎။သမာဓိဂုဏ်
*အသက်မရှိတာကို အသက် ရှိသကဲ့သို့တင် စားရေးတာ,အချုပ်ပြောရရင် မဟုတ်တာ
ကို ဟုတ်သကဲ့သို့,မရှိတာကို ရှိသကဲ့သို့ ရေးတာ။

ဒီ ဂုဏ် လေးပါးဟာ မြန်မာစာ လေ့လာရာမှာ အသုံးအများဆုံး ဂုဏ် တွေပါ။ လူတွေ သိလွယ် တဲ့ သဘောတရားတွေ ဖြစ်ပါတယ်။

၅။သမတာဂုဏ်
*ဌာန်တူတာ,အချီအချတူတာ

၆။သုခုမာလတာဂုဏ်
*နူးညံ့တဲ့ အသံနဲ့ မနူးညံ့တဲ့အသံကို မျှရေးတာ

၇။သိ လေသဂုဏ်
*စကားမရိုင်းအောင်,အသံမကြမ်းအောင်ပရိယာယ်နဲ့ရေးတာ။

၈။ဥဒါရတာဂုဏ်
*ချီးကျုးရေးတာ

၉။ကန္တိဂုဏ်
*အ ပြောကြီးတယ် မထင် ရ အောင် ရေးတာ

၁၀။အတ္ထဗျတ္တိဂုဏ်
*အဓိပ္ပါယ် ထင် ရှားအောင် ရေးတာ။

စာကိုး။   ။ဆရာကြီး မောင် ခင် မင်(ဓနုဖြူ)

Comments

  1. Stotanium Arts - A new perspective on raft titanium
    This article titanium band ring first appeared on Tiowa Magazine. A new perspective on raft titanium. The site best titanium flat iron boasts titanium gr 2 a beautiful mountain thinkpad x1 titanium with lush foliage pure titanium earrings

    ReplyDelete

Post a Comment

Popular posts from this blog

စုန်းမြို့ ဟောင်း